Vivo Y53 ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံဈေးကွက်၌ စတင်ရောင်းချခဲ့ပါသည်။ မျက်နှာပြင် အရွယ်အစား 5.0 လက်မရှိပြီး Display 960*540 qHD resolution ကို အသုံးပြုထားပါသည်။ Starry Night ဟုအမည်ပေးထားသော နက်ပြာရောင်ပြေးအရောင်တမျိုးတည်းသာ ရောင်းချလျှက်ရှိပြီး အပြည်ပြည်ဆိုင်ရာဈေးကွက်တွင်မူ Starry Night (နက်ပြာရောင်ပြေး) နှင့် Nebula (ခရမ်းရောင်ပြေး) အရောင်၂ရောင် ရောင်းချလျှက်ရှိပါသည်။ မြန်မာနိုင်ငံအတွင်း ရောင်းချနေသော ဈေးနှုန်းမှာ 169,000 ကျပ်ဖြစ်ပါသည်။
Qualcomm Snapdragon 425 processor ကိုအသုံးပြုထားပြီး RAM 2GB ရှိပါသည်။ Internal storage 16GB ပါဝင်ပြီး micro SD Card လည်းထည့်သွင်းအသုံးပြုနိုင်ပါသည်။ Vivo Y53 တွင် အနောက်ကင်မရာမှာ့် 8 Megapixel ဖြစ်ပါသည်။ အရှေ့ကင်မရာမှာမူ 5Megapixel ရှိပါသည်။
ဖုန်းဘက်ထရီမှာ 2500 mAh အားရှိပြီး 137 gram အလေးချိန်ရှိပါသည်။ အရွယ်အစားမှာ 144.2 x 71.4 x 7.64mm ( အမြင့်x အကျယ်x အထူ) ဖြစ်ပါသည်။
Vivo Y53 တွင်Nano SIM card ၂ခုကိုထည့်သွင်းအသုံးပြုနိုင်ပြီး GSM နှင့် WCDMA ကွန်ယက်စနစ်များကို အထောက်အကူပြုပါသည်။ Wifi, GPS, Bluetooth, USB 2.0 နှင့် 3G , အစရှိသော ချိတ်ဆက်မှုစနစ်များပါဝင်ပြီး အာရုံခံစနစ်များအနေနှင့် သံလိုက်အိမ်မြှောင်၊ ထိစပ်မှုအာရုံခံစနစ်၊ ပတ်ဝန်းကျင်အလင်းအမှောင်အာရုံခံစနစ်နှင့် အရှိန်တိုင်းအာရုံခံစနစ်များပါဝင်ပါသည်။
Vivo Y53 ၏ အသေးစိတ်အချက်အလက်များ
အခြေခံအချက်များ
Operating System | Funtouch OS3.0 (Android 6.0ပေါ်တွင်အခြေခံသည်။) |
ကိုယ်ထည်အတိုင်းအတာ | 144.2 x 71.4 x 7.64 မီလီမီတာ |
အလေးချိန် | 137 ဂရမ် |
ဘက်ထရီ | 2500 mAh |
အရောင် | Starry Night |
အရှေ့ကင်မရာ | 5 Megapixel |
အနောက်ကင်မရာ | 8 Megapixel |
ရေစိုခံစနစ် | မပါဝင်ပါ။ |
မျက်နှာပြင်
မျက်နှာပြင်အရွယ်အစား | 5.0 လက်မ |
ရုပ်ထွက်ကြည်လင်မှုနှုန်း | 960*540 qHD |
မျက်နှာပြင်အမျိုးအစား | |
ထိတွေ့မျက်နှာပြင် |
Hardware
Processor | Qualcomm Snapdragon 425 1.4GHz Quad-core |
RAM | 2 GB |
Internal Storage | 16 GB |
Expendable Storage | ပါဝင်ပါသည်။ |
Micro SD slot | ပါဝင်ပါသည်။ |
ချိတ်ဆက်မှုများ
Wifi | 2.4 GHz/5 GHz |
GPS | ပါဝင်သည်။ |
Bluetooth | Bluetooth 4.2 |
USB | USB 2.0 |
SIM1 | GSM/WCDMA (Nano SIM) |
SIM2 | GSM/WCDMA (Nano SIM) |
အာရုံခံစနစ်များ
အရှိန်တိုင်းအာရုံခံစနစ် | ပါဝင်သည်။ |
ပတ်ဝန်းကျင်အလင်းအမှောင်အာရုံခံစနစ် | ပါဝင်သည်။ |
ထိစပ်မှုအာရုံခံစနစ် | ပါဝင်သည်။ |
သံလိုက်အိမ်မြှောင် | ပါဝင်သည်။ |
လက်ဗွေဖတ်စနစ် | မပါဝင်ပါ။ |
ရေပြင်ညီမှတ်စနစ် | မပါဝင်ပါ။ |